MTF Channel ထိုင်းမြန်မာချစ်ကြည်ရေးတီဗွီလိုင်း
เลื่อนเวลา!ไทย-พม่า ยกเลิกวีซ่าเริ่ม11 ส.ค. 58
သြဂုတ်လ 11 ရက်နေ့ ထိုင်းမြန်မာဗီဇာကင်းလွတ်ခွင့်စ
...........................................................................
http://www.bangkokbiznews.com/mobile/view/news/658592 သတင်းအရ

ဇူလိုင်လ၂၁ရက်နေ့ ထိုင်းအစိုးရ ကက်ဘိနက်အစည်းအဝေးက ခွင့်ပြုပေးခဲ့ခြင်း အရ မြန်မာနှင့်ထိုင်း ၂နိုင်ငံသားတို့ ဗီဇာမလိုပဲ ၁၄ရက် သွားရောက်ခွင့် ကို ၂နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က လာမည့်အပတ်အတွင်း ချင်းမိုင်မြို့မှာ သဘောတူလက်မှတ်ရေးထိုးတော့မည်ဖြစ်ပြီး သြဂုတ်လ 11 ရက်နေ့မှ စ၍ ဤသဘောတူညီချက်ကို စတင်အကောင်ထည်ဖေါ်မည်ဖြစ်သည်။
ဤသဘောတူညီချက်သည် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သောသူများသာ အကြုံးဝင်မည်ဖြစ်ပြီး ၂နိုင်ငံ လေဆိပ်များမှ ၀င်ရောက်မည့်သူများသာ အသုံးပြုနိုင်ဦးမည်ဖြစ်သည်။ နယ်စပ်ဂိတ်များမှ ၀င်ရောက်လိုလျှင် ယခင်အတိုင်းဗီဇာတောင်းခံရန်လိုအပ်သေးသည်။
ထိုင်းအစိုးရက လေဆိပ်များမှ သွားလာခြင်းကို စမ်းသပ်အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လာမည့်သြဂုတ်လ 11 ရက်နေ့မှစတင်ကာ မြန်မာနှင့်ထိုင်း ၂နိုင်ငံ သားတို့သည် ဗီဇာ တောင်းခံရန်မလိုပဲ သာမန်နိုင်ငံကူးလက်မှတ်ဖြင့် မြန်မာနိုင်ငံ၏ ရန်ကုန်၊မန္တလေး၊နေပြည်တော် လေဆိပ်များမှလည်းကောင်း၊ ထိုင်းနိုင်ငံ၏အပြည်ပြည်ဆိုင်ရာလေဆိပ်၂၃ ခုမှလည်းကောင်း ပြေးဆွဲနေသော လေကြောင်းလိုင်း၇လိုင်းဖြင့် ၁ကြိမ်လျှင် ၁၄ရက် မကျော်ပဲ အပြန်အလှန် သွားရောက်နိုင်တော့ မည်ဖြစ်သည်။

No comments:
Post a Comment